အခု Blog စရေးရအောင်။Blog တစ်ခုစတင်တည်ဆောက်ဖို့အတွက် www.blogger.com
ကိုသွားပါမယ်။ အောက်မှာမြင်ရတဲ့အတိုင်း Gmail Login
ဝင်သလိုစာမျက်နှာမျိုးလေးကျလာတာကိုတွေ့ရပါမယ်။ အဲဒီမှာ
မနေ့ကဖွင့်ခဲ့တဲ့အကောင့်အသစ်ရဲ့ Username နဲ့ Password ရိုက်ထည့်လိုက်ပါ
Username, Password ရိုက်ထည့်လိုက်တာနဲ့ အောက်မှာပြထားသလို Blog တစ်ခုစလုပ်ရပါတော့မယ်။
သင်ဖော်ပြချင်တဲ့အမည်ဆိုတာကတော့ ဘလော့ဂ်မှာ
ပို့စ်ကိုဘယ်သူရေးတယ်ဆိုပြီးပြပါမယ်။ ဘာလို့တောင်းရသလဲဆိုတာကို
နောက်သက်ဆိုင်တဲ့အပိုင်းရောက်ရင် ရှင်းပြပေးပါမယ်။ ဒီမှာရှင်းပြလိုက်လို့
ရပေမယ့်စာကရှည်သွားမှာဖြစ်သလို ခုလည်းအသုံးမ၀င်သေးလို့ပါ။
Blogger မှမေးလ်များလိုချင်ရင်ဆိုတာကတော့ သင့် Blog
နဲ့ပက်သတ်ပြီးအကြံပေးစာတွေ၊ Google ( Blogger ) ကနေ Feature
အသစ်တွေထည့်ပေးရင်သင့်အကောင့်ထဲကို မေးလ်ပို့ပေးရမလား ဆိုတာပါ။
လိုချင်ရင်တော့ အမှန်ခြစ်ပေါ့။ မလိုချင်ရင်တော့ အမှန်မခြစ်နဲ့ပေါ့။
သင့်လိင်အမျိုးအစားကတော့ ကျား၊ မ ပေါ့။ ကိုယ့်ဟာကိုယ်ကြည့်ရွေးပေါ့။
ဒီနေရာမှာ အမှန်ခြစ်ခဲ့ပါဆိုတာကတော့ Gmail Account အသစ်ဖွင့်တုံးကလို
Google ရဲ့စည်းကမ်းတွေကို လိုက်နာနိုင်ပါ့မလားပေါ့နော်။ လိုက်နာနာ၊ မနာနာ
နာချင်ယောင်ဆောင်လိုက်ပေါ့။ ပြီးမှလုပ်ချင်တာလုပ်ကြတာ သဘာဝပဲနော့။အဲ့တော့
အမှန်ခြစ်ထားခဲ့လိုက်။ ပြီးရင်တော့ နောက်တစ်ဆင့်သွားရအောင် CONTINUE
ကိုနှိပ်ခဲ့လိုက်။ဒီကောင်လေးကိုကြည့်ထားပါဆိုတာ အရမ်းကြည့်ခိုင်းတာမဟုတ်ပါဘူး။ စောစောက
ကျွန်တော်က Blogger ကမေးလ်များလိုချင်ရင်ဆိုတဲ့နေရာမှာ
အမှန်မခြစ်ခဲ့လိုခုလိုမေးလာတာပါ။ အမှန်ခြစ်ခဲ့ရင်တော့မပေါ်တော့ပါဘူး။
ပြီးရင်တော့ CREATE YOUR BLOG NOW ကိုနှိပ်လိုက်ပါ။ဒီအဆင့်မှာတော့ ပထမဆုံး ကိုယ့် Blog ခေါင်းစဉ်ကိုရွေးရပါမယ်။ ကိုယ့် Blog
မှာပါဝင်မယ့်ပို့စ်လေးတွေနဲ့ သက်ဆိုင်တာလေးရွေးပေါ့နော်။
မြန်မာလိုရေးလည်းရပါတယ်။ ခေါင်းစဉ်ကိုဖြစ်နိုင်ရင် တိုတိုပဲပေးပါ။
အရှည်ကြီးဆိုရင်မကောင်းဘူး။ နောက်ပိုင်း Template
အကြောင်းပါတဲ့အခန်းတွေကျရင်ပြန်ပြောပြမယ်။
ပြီးရင်တော့ ကိုယ့် Blog ရဲ့လင့်ခ်ကိုရွေးရမယ်။ ဒီနေရာမှာကလည်း Gmail
Username လိုပဲ။ Blog လင့်ခ်ချင်း တစ်ခုနဲ့တစ်ခု မတူပါဘူး။ မြန်မာပြည်က
သန့်သူရဦး Blog, www.thantthuraoo.blogspot.com နဲ့ အင်္ဂလန်က သန့်သူရဦး
Blog, www.thantthuraoo.blogspot.com နဲ့တူနေတာမျိုးမရှိပါဘူး။
ကိုယ်ရတဲ့လင့်ခ်ကိုစိတ်ချလက်ချသုံးနိုင်ပါတယ်။ ပြီးတော့ ကိုယ့် Blog
ကိုဖျက်ပစ်ခဲ့ရင်တောင်မှ တခြားသူတစ်ယောက်အတွက် ကိုယ့်လင့်ခ်မရနိုင်ပါဘူး။
Blogger ရဲ့ကောင်းချက်လေးတွေနော့။ ပြီးရင် ကိုယ်ရွေးထားတဲ့လင့်ခ်က
ကိုယ့်အတွက်ရနိုင်၊ မရနိုင်ကို အောက်က Check Availability
ကိုနှိပ်ပြီးစစ်ကြည့်။ ရရင် အောက်မှာပြထားသလို အစိမ်းရောင်လေးနဲ့ This Blog Address Is Available ဆိုပြီးပေါ်မယ်။ အဲဒါဆိုရင်အောက်က CONTINUE ကိုဆက်နှိပ်ခဲ့။ ဒီကောင်လေးကတော့ ကိုယ်ရွေးထားတဲ့ကိုယ့် Blog လင့်ခ်ကမရနိုင်လို့ပြတာလေးပါ။ စာလုံးအနီရောင်လေးနဲ့ Sorry, this blog address is unavailable
ဆိုပြီးပေါ်လာလိမ့်မယ်။ဒါဆိုရင် လင့်ခ်နောက်တစ်မျိုးထပ်ရေးပြီးတော့
ပြန်စစ်။ ရရင် CONTINUE ကိုနှိပ်ခဲ့။ပြီးရင် နောက်တစ်ဆင့်ဆက်သွားမယ်။ဒီအဆင့်က ကိုယ့် Blog Template ရွေးရမယ့်အဆင့်။ ကိုယ်က ဒီ Template
ပဲသုံးမယ်၊ Template မပြောင်းတော့ဘူးဆိုရင်တော့ သေချာရွေးပေါ့။ မဟုတ်ဘူး။
ဒါကခဏပဲ။ ပြီးတာနဲ့ပြောင်းမှာဆိုရင်တော့ ကြိုက်ရာသာရွေးပေးထားခဲ့။
ပြီးရင်တော့ထုံးစံအတိုင်း CONTINUE ကိုနှိပ်။နောက်တစ်ဆင့်ဆက်သွားမယ်။ဒီအဆင့်ကတော့ ကိုယ့် Blog တစ်ခုကိုတည်ဆောက်ပြီးကြောင်းပြတာပါ။ ကိုယ်က
ခုချက်ချင်းပဲ ပို့စ်တင်တော့မယ်ဆိုရင်တော့ start posting now ကိုနှိပ်။
ဒါမှမဟုတ် Blog Template ကိုပြင်ဦးမယ်ဆိုရင်တော့ customize how your blog
looks ဆိုတာကိုနှိပ်။ ကိုယ်ပိုင်ဒိုမိန်းရှိပြီးသားသူများကတော့ Set Up a
custom Domain ကိုနှိပ်။ ဒါမှမဟုတ် ကိုယ်က အရင်က ဘလော့ဂ်တစ်ခုရှိပြီးသား။
အဲ့ကပို့စ်တွေအကုန်ကူးထည့်ချင်တယ်ဆိုရင် Import Blog Tool ကိုနှိပ်။ အဲဒီ
Blog Import, Export ကိုသူနဲ့ဆိုင်တဲ့အခန်းရောက်တော့သိလာလိမ့်မယ်။
ထပ်ရှင်းပြမယ်။ လောလောဆယ်တော့ Start Blogging ကိုနှိပ်ခဲ့ပါ။
ဒီပို့စ်မှာတော့ ဒီလောက်ပါပဲ။ သူ့နောက်လာမယ့်အပိုင်းကတော့ Blog မှာ Post
တင်တာပါ။ အဲဒါက တော်တော်ရှင်းပြရမယ်။ ရှင်းမလိုလို၊ လွယ်မလိုလိုနဲ့
တော်တော်ပြဿနာတက်တဲ့အပိုင်း။ ဒီပို့စ်ထဲမှာထည့်လိုက်ရင်
စာကအရမ်းရှည်သွားမှာဖြစ်သလို ဖတ်ရင်းနဲ့ ခေါင်းတွေစားပြီး
ရွာလည်နေလိမ့်မယ်။ အဲ့တော့ ဒီပို့စ်ကို ဒီမှာပဲ ခဏနားလိုက်ရအောင်ဗျာ။
ဒုတိယအဆင့် သတိပြုရန်-- Blogger စသုံးသည့်ရက်မှတ်ထားပါ။
No comments:
Post a Comment