မင်္ဂလာပါခင်ဗျာ။ထက်အောင်နည်းပညာမှကြိုဆိုပါတယ်။

21 Jan 2014

ဖုန်းရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်မယ့် - Smart RAM Booster Pro v2.2 APK

ဖုန်းရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်မယ့် - Smart RAM Booster Pro v2.2 APK
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ဖုန်းမှာရှိနေတဲ့ RAM ရဲ့ Speed ကိုမြှင့်တင်ပေးနိုင်တဲ့ Application လေးဖြစ်ပါတယ်။ အခု Version အသစ်ထွက်လာလို့တင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးက ဖုန်းရဲ့နောက်ကွယ်က Auto Run နေတဲ့ မလိုအပ်တဲ့ Application တွေကို Click တစ်ချက်နှိပ်ရုံနဲ့ ပိတ်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းသုံးနေတုန်း လေးလံလာတဲ့အ ခါမှာလည်း One-Click to RAM Boost. ဆို တဲ့အတိုင်း ဖုန်းကို မြန်ဆန်လာအောင် စွမ်းဆောင်ပေးနိုင်မှာပါ။ ဒီထက်ပိုတဲ့ စွမ်းဆောင်ရည်တွေ ကိုတော့ အောက်မှာအသေးစိတ်ရေးပေးထားပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအ သုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

15 Jan 2014

Advanced Download Manager v3.2.1 (Andriod ဖုန်းကနေ Facebook က Video တွေ အလွယ်ဒေါင်းချင်တဲ့ သူငယ်ချင်းတွေအတွက်)

Advanced Download Manager ကတော့ Andriod ဖုန်းတွေအတွက် တကယ်ကောင်းတဲ့ Dowloader ပါ။ Facebook မှ Video တွေကို အလွယ်ဒေါင်းနိုင်ပါတယ်။ အောက်မှာ Screenshots နဲ့ ဒေါင်းပုံဒေါင်း နည်း ပြထားပေးပါတယ်။  Facebook မှ Video တခုတည်းမကပဲ Website က Video တွေ Mp3 ဖိုင်တွေ Zip ဖိုင်တွေ PDF ဖိုင် အစရှိတဲ့ ဖိုင်မျိုးစုံတွေကိုပါ ဒေါင်းပေးနိုင်ပါတယ်။
Advanced Download Manager ကောင်းစွာ အလုပ်လုပ်နိုင်တဲ့ Bowser တွေကတော့ Stock Browser, Dolphin, Boat Browser, Chrome အစရှိတာတွေမှာ အလုပ်လုပ်ပါတယ်။ Facebook က Video ဒေါင်းနည်းကိုတော့ အောက်ကပုံကို ကြည့်ပြီး နားလည်နိုင်မယ် ထင်ပါတယ်။ Website က Video တွေ ဒေါင်းရင်လည်း ထိုနည်းတူပါပဲ။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
App Screenshots





 အားလုံးအဆင်ပြေပါစေ.......။

Audacity: Free Audio Editor and Recorder (အသံ ကို ရှင်းလင်းပြတ် သားအောင် ဖမ်းပေးနိုင်တဲ့ Recorder လေးပါ။ HD Sound Quality)


သူငယ်ချင်းတယောက် ကွန်ပြူတာနဲ့ အသံ Record ဖမ်းချင်တယ် ပြောလို့ ဒီဆော့ဝဲလေး တင်ပေး လိုက်တာ ပါ။ သုံးရတာ အရမ်းလွယ်ပြီး Free အသုံးပြုနိုင်ပါတယ်။ အသံ Record ပြီး ပြန်နားထောင်ကြည့် တာ အရမ်းကို ရှင်းလင်းပြတ်သားပါတယ်။ ပြီးတော့ ဖမ်းထားတဲ့ အသံတွေကိုလည်း Edit လုပ်နိုင်ပါသေး တယ်။ Effect အများကြီးပါတာမို့ တော်တော် လေးအဆင်ပြေပါတယ်။
အသုံးပြုရတာ လွယ်သောကြောင့် နည်းမရေးတော့ပါဘူး။ အောက်မှာ Screenshots တင်ပေးထားပါတယ်။ ပုံကိုကြည့်ပြီး အသုံးပြုပုံကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ အခုတင်ပေးတာက ကွန်ပြူတတာအတွက် ပါနော်။ စိတ်ဝင်စားရင် အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။

မူရင်းလင့် =  http://audacity.googlecode.com/files/audacity-win-2.0.5.exe

App Screenshots
အားလုံးအဆင်ပြေပါစေ.......။

Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ ကို ဒီပိုစ့် မှာ အသေခြာ ရှင်းပြထားပါတယ်။

    ဒီပိုစ်ကို Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်။ အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။
    အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောင်ခမ်း (TSJ team) မှ ရေးထားပေးတဲ့ ပိုစ်လေးပါ။ လိုအပ်တာတွေ ကို ကျနော် ထပ်ဖြည့်ထားပါတယ်။ မူရင်းမှ စာကို နဲနဲ ပြန်လည်ပြုပြင်ထား ပါတယ်။ Facebook သုံးနေသူတိုင်း ဖတ်သင့်တဲ့ ပိုစ်လေးပါ။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။
Facebook က သင့်ကို  Lock ချခြင်း Block ရခြင်း အကြောင်း များ.........
===========================
- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း
------------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း
-----------------------
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။

Credit to:အောင်ခမ်း (TSJ team)

ကွန်ပြူတာ Dasktop နဲ့ Folder Icon တွေမှာ မြန်မာလို မပေါ် တဲ့ သူများ ဒီနည်းလေးကို ကြည့်လိုက်ပါ


 ပုံမှာ ပြထားတဲ့ အတိုင်း မြန်မာလိုရေးထားတဲ့ Icon က စာတွေ က မြန်မာလိုမပေါ်ပဲ အတုံးတွေ  ပေါ်နေ တဲ့ သူငယ်ချင်းများအတွက်, ကွန်ပြူတာကို အခုမှ စလေ့လာတဲ့ သူငယ်ချင်းများ မသိသေးတဲ့ သူငယ်ချင်း များ အတွက် ဒီနည်းလေးကို ကျနော်ပြန်လည် ရေးသားပေးလိုက်ပါတယ်။

Viber v4.0.0.1707 (For Andriod) Update


November 12, 2013 နေ့က Viber အသစ် Update လေး ထွက်လာလို့တင်ပေးလိုက်ပါတယ်။ အခု အသစိထွက် ထဲ့ Viber ရဲ့ ထူးခြားချက်က ဖုန်း Free Call ရင် အသံက အရင်ကထက် ကြည်လင်ပြတ်သားတယ်။ စာပို့ရင်လည်း stickers ပုံတွေ အရင်ကထက် ပိုစုံလာတယ်။ နောက်ပြီး  voice messages အသံ Message လည်း ပို့လို့ရပါတယ်။
လိုင်းမကောင်းတဲ့ အခါ တယောက်နဲ့တယောက် အသံချင်းပို့ပြီး စကားပြောလို့ အဆင်ပြေပါတယ်။ အရင် Version တွေထက်ပိုလန်းပါတယ်။ Andriod Version 2.2 အထက်တွေမှာ အားလုံး အဆင်ပြေပါတယ်။ စိတ်ဝင်စားသောသူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
အားလုံးအဆင်ပြေပါစေ.......။

Playstore မှ ဒေါ်လာနှင့် ၀ယ်ရသော application တွေကို free ဒေါင်းယူနိုင်တဲ့ ဆော့ဝဲလ် လေးပါ။


Playstore မှ ဆော့ဝဲလ် တော်တော်များက ဒေါ်လာ နဲ့ ၀ယ်ယူရပါတယ်။ အဲတာတွေကို Free ဒေါင်းယူ နိုင်တဲ့ Blackmart Market နောက်ဆုံးထွက်လေးကို တင်ပေးလိုက်တာပါ။ 90% ဒေါင်းယူနိုင်ပါတယ်။ ကျနော်သုံးနေတဲ့ ဆော့ဝဲလ် လေးပါ။ အရမ်းကို တန်ဖိုးရှိတဲ့ ဆော့ဝလ် လေး ဆိုလည်း မမှားပါဘူး။ Andriod ဖုန်းသုံးသူတိုင်း လူတိုင်း ဆောင်ထားသင့်ပါတယ်။
Andriod Version 2.2 အထက်တွေမှာ အဆင်ပြေပါတယ်။ တကယ်ကိုပဲ ကောင်းပါတယ်။ စမ်းသုံးကြည့် လိုက်ပါ။ ဒေါ်လာနဲ့ ၀ယ်ရတဲ့ Andriod ဆော့ဝလ်တွေကို free ဒေါင်းချင်တဲ့သူငယ်ချင်းတွေ စိတ်ဝင်စားရင် ဒီအောက်ကလင့်မှာ စိတ်ကြိုက်သာ ဒေါင်းယူနိုင်ပါပြီ။
>>>>>Download Blackmart Market.apk<<<<<
အားလုံးအဆင်ပြေပါစေ.......။

VideoShow Pro - Video Editor v2.2.7 (Andriod ဖုန်း ဗီဒီယို ကာရာအိုကေ စာတန်းထိုး နှင့် Video တည်းဖြတ်ချင်တဲ့ သူငယ်ချင်းတွေအတွက်)


Andriod ဖုန်းနဲ့ ဗီဒီယို ကာရာအိုကေ စာတန်းထို့ချင်တဲ့ သူငယ်ချင်းတွေ အတွက် VideoShow Pro  လေး တင်ပေး လိုက်တာပါ။ VideoShow Pro က စာတန်းထိုး ရုံတင်မက ဖုန်းမှာ ရိုက်ထားတဲ့  ဗီဒီယိုတွေကို ဖြတ်၊ ဆက်၊ Effect ထည့်၊ နောက်ခံ သီချင်း ပြောင်း ၊ စာတန်းထိုး စတာတွေကို လိုသလို စိတ်ကူးကောင်းရင် ကောင်းသလို ဖန်တီးလို့ရပါတယ်။

Mozlla Firefix မှာ မြန်မာလို အပြည့် မပေါ်တဲ့ သူတွေ ဒီနည်းလေးကို ကြည့်ပေးပါ။



အခုမှစလေ့လာတဲ့ သူငယ်ချင်းတော်တော်များများက ပုံထဲကလို မြန်မာစာ အပြည့် မပေါ်ရင်, ဘယ်လိုလုပ် ရင် မြန်မာစာ အပြည့်ပေါ်မယ်ဆိုတာကို မသိကြပါဘူး။ အားလုံး လည်းအဆင်ပြေ နိုင်အောင် ဒီနည်းလေး ကို ကျနော်ပြန်လည် ရေးသားပေးလိုက်ပါတယ်။

Facebook System အားလုံးကို Myanmar Launage ပြောင်းနည်း လေးဖြစ်ပါတယ်.


Facebook System အားလုံးကို Myanmar Lunguage ပြောင်းနည်း လေးဖြစ်ပါတယ်.
ဒီနေ့ Facebook System အားလုံးကို Myanmar Lunguage ပြောင်းနည်းလေးရေးတင်လိုက်ပါတယ်။ ဒီနည်းကို ရေးတင်ရခြင်း ရည်ရွယ်ချက်မှာ မသိသေးသူတွေအတွက် ပညာတခု တိုးပွားစေချင် တာပါ။ မြန်မာစာနဲ့ ဆိုတော့ Facebook Setting တခုလုံးကို လိုသလို စိတ်ကြိုက် နားလည် စွာ မွှေနှောက် နိုင်မှာ ဖြစ်ပါတယ်။ 
တခုရှိတာက Facebook Myanmar Lunguage က Zawgyi.one ဖောင့်နဲ့ မကိုက်ညီတာ ပြဿနာ။ Myanmar3.ttf ဖောင့်မှ မြန်မာလိုကောင်းစွာမြင်ရမှာပါ။ ပြီးတော့ Myanmar3.ttf သုံးနေရင်လည်း Zawgyi.one ဖောင့် ကို ကြည့် လို့ မရပြန်ဘူး။ အဲတာပြသနာ သူငယ်ချင်းတို့ရေ။ အဲတာကြောင့် ဒီနည်းလေး အတိုင်း လုပ်ပြီး Facebook Setting ကို မြန်မာစာနဲ့ ၀င်မွှေနှောက်၊ ပြီးရင် Lunguage English ပြန်ပြောင်းပြီး Zawgyi.one နဲ့ပြန်သုံးပေါ့။ 
အခုကျနော်ရေးတင်ပေးတာလည်း မသိသေးသူတွေ အတွက် ပညာတခု တိုးပွားစေချင်တဲ့ သဘောပါ။ စမ်းကြည့်မှ တတ်မှာပါ။ ဒါကြောင့် စမ်းသပ်ချင်ရင် အောက်မှာ ပုံနှင့်တကွ ကျနော်ရေးပြတဲ့ အတိုင်း လုပ်စမ်းကြည့်လိုက်ပါ။ အရင်ဆုံး Myanmar3.ttf ဖောင့်ကို ဒီလင့်မှာ ဒေါင်းလိုက်ပါ။ ပြီးရင်  Facebook ရဲ့ ဒီလင့်ကို ၀င်လိုက်ပါ အောက်ကပုံလို မြင်ရပါမယ်။

ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Lunguage ကို Edit ထဲဝင်ပြီး English (UK) နေရာမှာ မြန်မာဘာသာ ကိုပြောင်းပေးပါ။ ပြီးရင်တော့ Save Change ကို ကလစ်လိုက်ပါ။ အောက်ကပုံလို မြင်ရပါမယ်။

အဲတာဆိုရင်တော့ မြန်မာစာတော့ ရပါပြီ။ မြန်မာစာ အမှန်မြင်ရဖို့ကတော့ ခုနက ဒေါင်းထားတဲ့ Myanmar3.ttf ကို Install ပါ။ တကယ်လို့ Window XP မှာဆိုရင်တော့ Myanmar3.ttf ကို ကော်ပီပြီး Control Panel ထဲဝင်ပြီး Font ထဲမှာ Paste ချလိုက်ရင်လည်း အဆင်ပြေပါတယ်။ ပြီးရင် မြန်မာလို အားလုံးမြင်ရဖို့ကတော့ မော်ဇီလာမှာ Myanmar3.ttf ကို ပြောင်းပေးရမှာဖြစ်ပါတယ်။ 
 ပြောင်းနည်းတော့ ဒီလင့်မှာ ၀င်ကြည့်လိုက်ပါ။ ကျနော် Zawgyi.one ပြောင်းနည်းပဲရေးထားပါယ်။ အဲဒီ အတိုင်း ပဲ လုပ်ရမှာပါ။ Zawgyi.one နေရာမှာ Myanmar3.ttf ကို အစားထိုးပြောင်း ထည့်ပေါ့။ ပြီးရင်တော့ အောက်ကပုံလို သင့် Facebook အကောင့်ဟာ မြန်မာလို ကောင်းစွာမြင်နိုင်ပါပြီ။

ပြဿနာက Zawgyi.one နဲ့ Myanmar3 ဖောင့်က မတည့်ပြန်ဘူး။ ဒါကြောင့် မြန်မာတွေ zawgyi.one နဲ့ ရေးတဲ့စာကို အမှန်မမြင်ရပြန်ဘူး။ Facebook Setting လောက်ကိုပဲ မိမိစိတ်တိုင်းကျ နားလည်အောင် ၀င်မွှေ နှောက်ပြီးရင် Lunguage English ပြန်ပြောင်းပေါ့။ ဒီလင့်ထဲ ၀င်ပြီး ပြန်ပြောင်း လိုက်လို့ ရပါ တယ်။  မော်ဇီလာ ဖောင့်ကိုလည်း Zawgyi.one ပြန်ပြောင်းပေါ့။

အားလုံးကို Zawgyi.one နဲ့ ကိုက်ညီအောင် ပြောင်းရဖို့ကတော့ မရပါဘူးနော်။ ကျနော်က Facebook Developer မဟုတ်တော့ သူပေးတာကိုပဲ အဆင်ပြေအောင် ညှိ တတ်အောင် နည်းရေးတင်ပေးတဲ့ သဘောပါ။ ဒီလောက်ဆို မသိသေးတဲ့ သူငယ်ချင်းတွေ အားလုံး ရှင်းလင်း သဘောပေါက်လိမ့် မယ်ထင်ပါတယ်။
အားလုံးအဆင်ပြေပါစေ.......။